ဘက်ထရီထောက်နှိုးတဲ့အခါ သတိပြုသင့်တဲအချက်တွေနဲ့ လုပ်ဆောင်ပုံအဆင့်လေးတွေကို ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်ခင်ဗျ ။

ကားစက်နှိုးဖို့ ဘက်ထရီအားနည်း (ဝပ်) နေတဲ့အခါ ဘက်ထရီအပို (သို့) ဘက်ထရီအားရှိတဲ့ကားတစ်စီးနဲ့ အားကူပြီးထောက်နှိုးဖို့လိုအပ်ပါတယ်။

(၁) ကားတစ်စီးအကူဖြင့် နှိုးမည်ဆိုပါက ကားနှစ်စီးကို ခေါင်းချင်းဆိုင်ရပ်ထားပေးပါ။ အကယ်၍ ဘက်ထရီအိုး (သို့) Battery Charger (ဘက်ထရီချာချာ) ဖြင့် နှိုးမည်ဆိုပါက ကားရဲ့ဘက်ထရီအိုးနားတွင် ထားပေးပါ။ ဘက်ထရီအိုးမှ အဖိုငုတ်ဆိုလျှင် အပေါင်းလက္ခဏာ (+)နှင့် အနီရောင် ဖြစ်ပြီး အမငုတ်ဖြစ်ခဲ့ပါက အနှုတ်လက္ခဏာ (-)နှင့် အနက်ရောင်ဖြစ်ပါတယ်။
(၂) ဘက်ထရီထောက်ကြိုး (Jumper Cable) အဖိုကြိုးအနီကို အားကုန်နေသော ဘက်ထရီအိုး၏ အဖိုငုတ်တွင် ပထမဦးစွာ တပ်ဆင်ပါ။
(၃) အဖိုကြိုးအနီ၏ နောက်တစ်ဖက်ကို အားပြည့်နေသောဘက်ထရီ၏ အဖိုငုတ်(+) တွင် ချိတ်ဆက်ပါ။
(၄) အမကြိုးအနက်ကို အားပြည့်နေသောဘက်ထရီ၏ အမငုတ်တွင် တပ်ဆင်ပါ။
(၅) အမကြိုးအနက်၏ နောက်တစ်ဖက်ကို အားကုန်နေသောကားအင်ဂျင် သို့မဟုတ် ဘော်ဒီကို ချိတ်ဆက်ရမှာဖြစ်ပါတယ်။
(၆) ဘက်ထရီအားရှိသောကားကို ပထမဦးစွာ စက်နှိုးထားပြီးမှ ဘက်ထရီအားမရှိသောကားကို စက်နှိုးရမည်ဖြစ်ပါတယ်။
(၇) အကယ်၍ စက်နိုးခဲ့ပါက ထောက်ကြိုးဖြုတ်လျှင် ယခင်ချိတ်ဆက်ထားသည့်ပုံစံကို ပြောင်းပြန် ပြန်ဖြုတ်ရမှာဖြစ်ပါတယ်။
အကယ်၍ ဘက်ထရီချာချာ (Battery Charger) ဖြင့် ထောက်နှိုးပါက ဘက်ထရီချာချာကို ခလုတ်ပိတ်ထားပြီး 12 V (သို့) 24 V ကို ကြိုတင်ဆက်တင်ချိန်ထားပါ။ ဘက်ထရီချာချာရဲ့ အပေါင်းကြိုး (အနီ) ကို ဘက်ထရီရဲ့ အနီ (+) မှာတပ်ဆင်ပါ။ ဘက်ထရီချာချာရဲ့ အနုတ်ကြိုး (အနက်) ကို ဘက်ထရီရဲ့ အနက် (-) မှာတပ်ဆင်ပါ။ ဘက်ထရီချာချာကို ON (ခလုတ်ဖွင့်) ပေးပါ။ဘက်ထရီအိုးကို ဘက်ထရီချာချာနဲ့ ၃ ~ ၅ မိနစ်ခန့်အားသွင်းပေးထားရင် ပိုကောင်းပါတယ်။ ကားစက်နှိုးပြီးပါက ဘက်ထရီချာချာခလုတ်ကို ပိတ်ပါ။ အနက်ကြိုးမှ စဖြုတ်ပါ။ ပြီးလျှင် အနီးကြိုးကိုဖြုတ်ပါ။ ဘက်ထရီထောက်နှိုးတဲ့အခါ ယခုကဲ့သို့ အဆင့်ဆင့်လုပ်ဆောင်နေရတာကတော့ ရှော့ရိုက်ပြီး အန္တရာယ်မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းဘဲဖြစ်ပါတယ်။

Subscribe for latest newsletter

ABOUT US

No. 99, Than Lwin Road
Bahan Township, Yangon

Mobile:        +95 9782626888  Assistance:    +95 9782626999

Email: contact@optimawerkzyangon.com 

HOURS

Monday – Saturday:9:00am – 5:30pm 
Sunday and Public Holiday:Closed

Facebook

© Copyright 2023 Optima Werkz Yangon